နောက်ခံသမိုင်းကြောင်း
အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ)ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့ တွင် အမှတ် (၄၂) ၊ကနောင် (၁) လမ်း၊ စက်မှုဇုံ (၁) ၊ရွှေပြည်သာမြို့၊ရန်ကုန်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းအုပ်ကြီးအဖြစ် ဒေါက်တာမျိုးမင်းသန့်၊ Ph.D(Mech) ပါမောက္ခ မှ ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ယနေ့အထိတာ၀န်ယူဆောင်ရွက်လျက်ရှိပါသည်။.
ရည်မှန်းချက် နှင့် မျှော်မှန်းချက်
- လူငယ်လူရွယ်တိုင်း နည်းပညာနှင်သက်မွေးပညာကို သင်ယူနိုင်ရန် ဖန်တီးပေးပြီး အရည်အချင်းရှိသော နည်းပညာနှင့်သက်မွေးပညာရပ် အတက်ပညာရှင်များ မွေးထုတ် ပေးနိုင်ရန်။
- လူငယ်လူရွယ်များ အလုပ်အကိုင်ရရှိမှု တစ်ဦးချင်းဝင်ငွေတိုးတက်မှုတို့အတွက် နည်း ပညာနှင့်သက်မွေးပညာ၏ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန်။
- တိုင်းဒေသကြီးအတွင်း ဖွင့်ဖြိုးတိုးတက်ရေးအတွက် ဒေသလိုအပ်ချက်ဖြစ်သောနည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ကာလတိုသင်တန်းများ တိုးချဲ့ဖွင့်လှစ်သင်ကြားပေးရန်။
စဉ် | အမည် | ပညာအရည်အချင်း | တာဝန်ထမ်းဆောင်ခဲ့သောကာလ |
---|---|---|---|
၁ | ဒေါက်တာမျိုးမင်းသန့် | Ph.D(Mech) | ၁.၁.၂၀၁၆ မှ ယနေ့အထိ |