Breaking News

ကျောင်းဆိုင်ရာအချက်အလက်များ

ကျောင်းစတင်ဖွင့်လှစ်သော ရက်စွဲနှင့် ကျောင်းသမိုင်းအကျဉ်း အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေ ပြည်သာ) ၂၀၁၅-၂၀၁၆ပညာသင်နှစ်ကို ၂၀၁၆ ခုနှစ်၊ဇန်နဝါရီလ(၂၅)ရက်နေ့ တွင် စတင် ဖွင့်လှစ် ခဲ့ပါသည်။ ကျောင်းလိပ်စာ (မြေအကျယ်အဝန်းအပါအဝင်) အနီးအနားရှိ ထင်ရှားသော နေရာများ အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ) သည်(၃.၅)ဧကခန့်ကျယ်ဝန်းပြီးရန်ကုန်တိုင်း ဒေသကြီး၊၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊အကွက်အမှတ်(၄၂)တွင်တည်ရှိပါသည်။
မျှော်မှန်းချက် တိုင်းပြည်စီးပွားရေးအတွက် လုပ်သားစျေးကွက်၏ လိုအပ်ချက်များကို အချိန်မီ ဖြည့်စည်းပေးနိုင်မည့် အရည်အချင်းပြည့်မီ၍ ကျွမ်းကျင်သော အတတ်ပညာရှင်များအားလေ့ကျင့်မွေးထုတ်ပေးသည့် နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးသိပ္ပံတစ်ခု ဖြစ်လာစေရန် ။ ဦးတည်ချက်များ လုပ်သားစျေးကွက်လိုအပ်ချက်များအား ဦးတည်၍ လေ့ကျင့်သင်ကြားပေးရေး ကျောင်းသားများနှင့် ဒေသတွင်းရှိ လုပ်သားတို့၏ စိတ်ပါဝင်စားမှုများ စွမ်းရည်များ တစ်ဦးချင်းစီ၏ရည်မှန်းချက်များနှင့် သင့်လျော်သော သင်ယူလေ့လာမှုနည်းလမ်းကောင်းများအားဖန်တီးပေးရေး ကျောင်းသားများနှင့် သင်တန်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာစေရေးနှင့် အဆင့်မြင့်ပညာရေးဆီသို့ ဆက်လက်သင်ယူနိုင်မည့် နည်းလမ်းကောင်းတစ်ရပ်အား ပံ့ပိုးပေးရေး
ရွှေပြည်သာ GTI မှ ကြိုဆိုပါတယ်။ ရွှေပြည်သာ GTI ရဲ့ ကျောင်းအုပ်ကြီးတစ်ယောက်အဖြစ် တာဝန််ထမ်းဆောင်နေရခြင်းကို အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ ကျောင်းရဲ့ ဌာနများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ စီမံအုပ်ချုပ်ရေး လုပ်ငန်းများက ကျောင်းသူ/သားများအတွက် အရည်သွေးပြည့်မီသော သင်ယူလေ့လာမှုများ ရရှိစေရန် သင်ရိုးများ၊ သင်ရိုးပြင်ပလေ့လာမှု အခွင့်အလမ်းကောင်းများကို ဖန်တီးပေးထားပြီ ကျောင်းရဲ့ အဓိက ရည်မှန်းချက်ပန်းတိုင်ဖြစ်သော လုပ်သားစျေးကွက်၏ လိုအပ်ချက်များကို အချိန်နဲ့ တပြေးညီ ဖြည့်ဆည်းပေးနိုင်သော စွမ်းရည်ပြည့်ဝ၍ ကျွမ်းကျင်သော အတက်ပညာရှင် များအား ‌မွေးထုတ်ပေးနိုင်သည့် ပထမတန်းစား သိပ္ပံတခု ပေါ်ပေါ်က်လာစေရေးအတွက် အလေးထား ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ကျောင်းရဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးမှုများကို နှစ်သက်ပျော်ရွှင်ကြလိမ့်မည်ဟု မျှော်လင့်ရင်း ယခုပညာသင်နှစ်အတွက် ကျောင်းသား/သူ များအား ကြိုဆိုလိုက်ပါတယ်။ ကျောင်းရဲ့ ဝန်ဆောင်မှုများစွာကို ထပ်မံလေ့လာဖို့ ကျောင်းရဲ့ Website ကို လေ့လာကြည့်ရှု့ နိုင်ကြပါတယ်။
စဉ်အမည်ပညာအရည်အချင်းတာဝန်ထမ်းဆောင်ခဲ့သည့် ကာလ
၁။‌ဒေါက်တာမျိုးမင်းသန့်Ph.D(Mech)၁.၁.၂၀၁၆ မှ ယနေ့အထိ