Breaking News

ကျောင်းအခြေပြုစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဌာန

ကျောင်းအခြေပြုစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဌာန

နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီဌာန၏ ကျောင်းအခြေပြုစွမ်းဆောင်ရည်မြှင့တင်မှုသင်တန်းဌာန(IBPD Centre) သည် ‌ကျောင်းအခြေပြုစွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေသည့်ဌာနတစ်ခုဖြစ်ပြီး ဆရာ/ဆရာမများအား စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်စေရေး နှင့် ဆရာ/ဆရာမများ၏ သင်ကြားရေးဆိုင်ရာများပိုမိုထိရောက်တိုးတက်ကောင်းမွန်လာစေနိုင်ရန်အတွက်ဖွံ့ဖြိုးတိုးတက်‌ရေးလှုပ်ရှားမှုများနှင့်ချိတ်ဆက်ဆောင်ရွက်‌‌ပေးသွားရမည့်ဌာနဖြစ်ပါသည်။

ဆရာ/ဆရာမများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ စီမံခန့်ခွဲသူများ၊ ဆရာ/ဆရာမများနှင့်အခြားသောပညာရပ်ဖြင့်အသက်မွေးသူများကို ၎င်းတို့၏သက်မွေးမှုနှင့်ဆိုင်သောအသိပညာနှင့်စွမ်းဆောင်ရည်များတိုးတက်ကောင်းမွန်လာစေရေးအထောက်အကူဖြစ်စေရန်အတွက်ရည်ရွယ်သည့်အထူးပြုသင်တန်း၊ ပုံမှန်သင်တန်းနှင့် အဆင့်မြင့်သင်ယူလေ့လာခြင်းစသည့်အမျိုးမျိုးသောသင်တန်းများကိုရည်ညွှန်းခြင်း ဖြစ်ပါသည်။

ကျောင်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များပူးပေါင်း
ဆောင်ရွက်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ

IBPD Centre ဖွင့်လှစ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ နှင့် စက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲများကို (၂၆.၇.၂၀၁၉) နှင့် (၁၂.၉.၂၀၁၉) ရက်‌နေ့များတွင် ရွှေပြည်သာ G.T.I ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၊ စက်မှုဇုန်များမှတာဝန်ရှိပုဂ္ဂိုလ်များ ၊ စက်မှုလုပ်ငန်းရှင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ကျောင်းနှင့် စက်မှုလုပ်ငန်းရှင်များအကြားအပြန်အလှန်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး နှင့် ဆရာ၊ဆရာမများ၏စွမ်းဆောင်ရည်များ ဖွံ့ဖြိုတိုးတက်ရေးများအဓိကထားဆွေးနွေးခဲ့ကြပါသည်။