Breaking News

ကျောင်းဝင်ခွင့်သတ်မှတ်ချက်များ

၀င်ခွင့် လျှောက်ထားသူများ လိုက်နာရမည့် သတ်မှတ်ချက်များ

လျှောက်ထားသူသည် 
(က) နည်းပညာနှင့် သက်မွေးသဘာ၀ အရ ကျန်းမာရေးကောင်းမွန်သူဖြင့်ပြီး သက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
(ခ) တက္ကသိုလ်၀င်စာမေးပွဲတွင် သင်္ချာ ရူပဗေဒ ဓာတုဗေဒဘာသာတွဲများပါ၀င်သော မည်သည့်ဘာသာတွဲများဖြင့် အောင်မမြင်သည်ဖြစ်စေ လျှောက်ထားနိုင်သည်။
(ဂ) တက္ကသိုလ်၀င်စာမေးပွဲတွင်ရရှိခဲ့သည့် အင်္ဂလိပ်စာနှင့် သင်္ချာစုစုပေါင်းရမှတ်အပေါ် မူတည်၍ ရွေးချယ်မည်ဖြစ်သည်။

၀င်ခွင့် လျှောက်ထားရန် လိုအပ်ချက်များ

  1. လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)။
  2. ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ထောက်ခံစာမူရင်း။
  3. တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအတွက် -သက်ဆိုင်ရာမှ တရားဝင်ထုတ်ပေးထားသော တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သည့် အမှတ်စာရင်း (မူရင်း)။
  4. လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုစာရင်းဇယား(မိတ္တူ) (တိုက်ဆိုင်စစ် ဆေးရန် မူရင်းယူဆောင်လာရမည်)။
  5. ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ (၃)ပုံ။

တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအတွက် ၂၀၁၉-၂၀၂၀ ခု၊ ပညာသင်နှစ်၊ A.G.T.I ဝင်ခွင့်လျှောက်လွှာ

ဝင်ခွင့်ဖောင် ရယူရန်

အစိုးရနည်းပညာအထက်တန်းကျောင်းအောင်မြင်သူများအတွက်၂၀၁၉-၂၀၂၀ ခု၊ ပညာသင်နှစ်၊ A.G.T.I ဝင်ခွင့်လျှောက်လွှာ

ဝင်ခွင့်ဖောင် ရယူရန်