Breaking News

ကျောင်းနောက်ခံသမိုင်း

ကျောင်းစတင်ဖွင့်လှစ်သော ရက်စွဲနှင့် ကျောင်းသမိုင်းအကျဉ်း အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေ ပြည်သာ) ၂၀၁၅-၂၀၁၆ပညာသင်နှစ်ကို ၂၀၁၆ ခုနှစ်၊ဇန်နဝါရီလ(၂၅)ရက်နေ့ တွင် စတင် ဖွင့်လှစ် ခဲ့ပါသည်။  ကျောင်းလိပ်စာ (မြေအကျယ်အဝန်းအပါအဝင်) အနီးအနားရှိ ထင်ရှားသော နေရာများ အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ) သည်(၃.၅)ဧကခန့်ကျယ်ဝန်းပြီးရန်ကုန်တိုင်း ဒေသကြီး၊၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊အကွက်အမှတ်(၄၂)တွင်တည်ရှိပါသည်။

(၇၂) ကြိမ်မြောက် လွတ်လပ်ရေးနေ့အကြိုအားကစားပြိုင်ပွဲကျင်းပခြင်းမှတ်တမ်းပုံရိပ်များ

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအားကစားပြိုင်ပွဲများကို ရွှေပြည်သာ GTI တွင် ကျောင်းအုပ်ဆရာကြီး Dr. မျိုးမင်းသန့်မှဦးဆောင်၍ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ၃.၁၂.၂၀၁၉ မှ ၂၄.၁၂.၂၀၁၉ နေ့ထိ စည်ကားသိုက်မြိုက်စွာ  ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ကျောင်းအုပ်ဆရာကြီး Dr. မျိုးမင်းသန့်မှ ဆုချီးမြှင့်ခြင်း [Best_Wordpress_Gallery id="8" gal_title="Sport Activities"]

ဝါဆိုသင်္ကန်းဆက်ကပ်လှုဒါန်းပွဲအခမ်းအနား(၂၀၁၉)ခုနှစ်

၈.၈.၂၀၁၉ တွင်ရွှေပြည်သာ (GTI ) မိသားစုမှ ဝါဆိုသင်္ကန်းကို ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ပါသည်၊၊

A.G.T.I ဒီပလိုမာပေးအပ်ပွဲအခမ်းအနား

၂၀၁၈-၂၀၁၉ ပညာသင်နှစ် A.G.T.I ဒီပလိုမာအပ်နှင်းသည့်အခမ်းအနားကို ၈.၂.၂၀၂၀တွင် Rehearsal အခမ်းအနားကျင်းပပြီး ၉.၂.၂၀၂၀တွင် A.G.T.I ဒီပလိုမာလက်မှတ်များအပ်နှင်းသည့်အခမ်းအနားကို ကျင်းပခဲ့ပါသည်၊၊