Breaking News

ကျောင်းအုပ်ကြီး၏ နှုတ်ခွန်းဆက် အမှာစကား

‌            ရွှေပြည်သာ GTI မှ ကြိုဆိုပါတယ်။ ရွှေပြည်သာ GTI ရဲ့ ကျောင်းအုပ်ကြီးတစ်ယောက်အဖြစ် တာဝန််ထမ်းဆောင်နေရခြင်းကို အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ ကျောင်းရဲ့ ဌာနများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ စီမံအုပ်ချုပ်ရေး လုပ်ငန်းများက ကျောင်းသူ/သားများအတွက် အရည်သွေးပြည့်မီသော သင်ယူလေ့လာမှုများ ရရှိစေရန် သင်ရိုးများ၊...

ကျောင်း၏ မျှော်မှန်းချက်နှင့်ဦးတည်ချက်များ

မျှော်မှန်းချက် တိုင်းပြည်စီးပွားရေးအတွက် လုပ်သားစျေးကွက်၏ လိုအပ်ချက်များကို အချိန်မီ ဖြည့်စည်းပေးနိုင်မည့် အရည်အချင်းပြည့်မီ၍ ကျွမ်းကျင်သော အတတ်ပညာရှင်များအားလေ့ကျင့်မွေးထုတ်ပေးသည့် နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးသိပ္ပံတစ်ခု ဖြစ်လာစေရန် ။ ဦးတည်ချက်များ လုပ်သားစျေးကွက်လိုအပ်ချက်များအား ဦးတည်၍ လေ့ကျင့်သင်ကြားပေးရေးကျောင်းသားများနှင့် ဒေသတွင်းရှိ လုပ်သားတို့၏ စိတ်ပါဝင်စားမှုများ စွမ်းရည်များ တစ်ဦးချင်းစီ၏ရည်မှန်းချက်များနှင့် သင့်လျော်သော သင်ယူလေ့လာမှုနည်းလမ်းကောင်းများအားဖန်တီးပေးရေးကျောင်းသားများနှင့် သင်တန်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာစေရေးနှင့်အဆင့်မြင့်ပညာရေးဆီသို့ ဆက်လက်သင်ယူနိုင်မည့် နည်းလမ်းကောင်းတစ်ရပ်အား ပံ့ပိုးပေးရေး

ကျောင်းနောက်ခံသမိုင်း

ကျောင်းစတင်ဖွင့်လှစ်သော ရက်စွဲနှင့် ကျောင်းသမိုင်းအကျဉ်း အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေ ပြည်သာ) ၂၀၁၅-၂၀၁၆ပညာသင်နှစ်ကို ၂၀၁၆ ခုနှစ်၊ဇန်နဝါရီလ(၂၅)ရက်နေ့ တွင် စတင် ဖွင့်လှစ် ခဲ့ပါသည်။  ကျောင်းလိပ်စာ (မြေအကျယ်အဝန်းအပါအဝင်) အနီးအနားရှိ ထင်ရှားသော နေရာများ အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ) သည်(၃.၅)ဧကခန့်ကျယ်ဝန်းပြီးရန်ကုန်တိုင်း ဒေသကြီး၊၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊အကွက်အမှတ်(၄၂)တွင်တည်ရှိပါသည်။